ကဝ နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာမခင်စောတင့်၏ "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်အသင်း(Youth Club)အဖွဲ့ဝင် ဦးဟိန်းပြည့်စုံက စာရေးဆရာမခင်စောတင့်၏ "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" စာအုပ်မှ "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" ခေါင်းစဉ်တွင်ပါရှိသော လူတိုင်းအဖို့ တစ်ချိန်ချိန်မှာတော့ဆုံးဖြတ်ဖို့ခက်ခဲပြီး မပြတ်မသားဖြစ်နေရတဲ့ အခြေအနေနဲ့ကြုံဖူးမှာပါ။ ငဲ့ညှာရတာတွေ၊ အားနာရတာတွေနဲ့ ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ လွယ်ကူစွာချမှတ်နိုင်ဖို့ လိုအပ်ပါတယ်၊ စိတ်ဓါတ်ခိုင်မာပြီး ဆုံးဖြတ်ချက်တွေပြတ်သားရမယ်။ သားသမီးတွေကိုလည်းဆုံးဖြတ်ဖို့အခွင့်အရေးပေးရမယ်၊ မှားရင်ကိုယ့်တာဝန်ကိုယ်ယူရမယ်၊ သေးငယ်တဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေကို ကျင့်သုံးပါ။ အကျိုးဆက်တွေကိုလက်ခံပြီး ပုံဖော်လုပ်ဆောင်ပါ။ မိမိဆုံးဖြတ်ချက်ကို ယုံကြည်ပါ။ ဆုံးဖြတ်ပြီးရင်လှည့်မကြည့်ပါနဲ့၊ ဆုံးဖြတ်ချက်မှားသွားမှာကို စိုးရိမ်နေတာကို ဆန့်ကျင်တိုက်ထုတ်လိုက်ပါ။ ဘဝဆိုတာဆုံးဖြတ်ချက်တွေနဲ့ပြည့်နေတယ်၊ တချို့ကတော့မှားဖို့သေချာတယ်၊ ဒါပေမယ့် မှန်တာတွေလည်းအများကြီးရလာပါလိမ့်မည်ဟု ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)