ဖျာပုံမြို့၌ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ကလေးများနေ့" အခမ်းအနားကျင်းပ

ဖျာပုံ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မူလတန်းကြိုကျောင်း များမှ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ ကလေးများနေ့" အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ရုံးဝန်း အတွင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက "(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် "ကမ္ဘာ့ကလေးများနေ့" အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိဘများ၊ ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေး များကို ပိုမိုသိရှိပြီး ကာကွယ်စောင့်ရှောက်နိုင်ရန်၊ CRC အပိုဒ် (၃၁)ပါ ကလေးသူငယ်များ အား ကစားမှု၊ အပန်းဖြေအနားယူမှုများတွင် ကလေးသူငယ်များ အသက်အရွယ်နှင့် သင့်လျော်သည့် လှုပ်ရှားမှုများ၊ ယဉ်ကျေးမှုများနှင့် အနုပညာဆိုင်ရာတို့တွင် လွတ်လပ်စွာ ပါဝင်ရေးဆိုသည့် အခွင့်အရေးများကို ရရှိစေရန်၊ ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများ၊ တာဝန်ဝတ္တရားများကို ပိုမိုသိရှိစေရန်၊ ကလေးသူငယ်များ၏ ပူးပေါင်း ပါဝင်မှုဖြင့် ဘက်စုံဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန်တို့ကို ရည်ရွယ်ပြုလုပ်ရခြင်းဖြစ် ကြောင်း၊ CRC ဖြစ်ပေါ်လာပုံသမိုင်း၊ မြန်မာနိုင်ငံအနေနဲ့ UNCRC ကိုအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကလေးသူငယ်ဥပဒေများကို ခေတ်စနစ်တွေနဲ့အညီ လိုအပ်သလိုပြန်လည် ပြင်ဆင်ကာ ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်များ အပြည့်အဝရရှိစေဖို့၊ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိပြီး၊ ကလေးသူငယ်များရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံ ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေး နိုင်စေရန်နှင့် ကလေးသူငယ်များရဲ့ ဘက်စုံဖွံ့ ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ ရှေ့ဦးအရွယ် ကလေးငယ် ပြုစုပျိုးထောင်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ခရိုင်အတွင်း​ ရှေ့ဦးအရွယ်ကလေး သူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ မူလတန်းကြိုကျောင်း(၈၅) ကျောင်း၊ မိခင်ဝိုင်း (၂၇) ဝိုင်းမှ ကလေးသူငယ် (၁၄၄၆၅)ဦးကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ပရဟိတဂေဟာ (၄)ခုတွင်လည်း လူမှုရေး ချို့တဲ့မှုရှိသော ကလေးသူငယ် (၂၂၁)ဦးကို ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုစုစောင့်ရှောက်ပေးနေ ကြောင်း၊ ကလေးသူငယ်များရဲ့မွေးရာပါ အခွင့်အရေးမဆုံးရှုံးစေဖို့၊ ကလေးသူငယ်များ ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိပြီး ကလေးတိုင်း လက်လှမ်းမီ တန်းတူညီမျှ ရရှိနိုင်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း" ပြောကြားသည်။

ထို့နောက်(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ကလေးများနေ့" အတွက် ဝိုင်းဝန်းကူညီပေးကြသည့် အလှူရှင်များ အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ကြပြီး ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က အဆိုပါ အခမ်းအနားကို ဝိုင်းဝန်းပါဝင် ကူဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများ၊ ပညာပျိုးခင်း မိခင်ဝိုင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်းမှ သားငယ်၊ သမီးငယ်(၂၅၀)ဦးတို့မှ အဖွဲ့လိုက် ကပြဖျော်ဖြေခြင်း၊ တစ်ဦးချင်း/ စုံတွဲသီချင်း များဖြင့် ကပြဖျော်ဖြေကြရာ ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရ သည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)