ဒဂုံမြောက် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၈ နာရီကစ၍ (၅၀)ရပ်ကွက်၊ ပန်းသဇင်လမ်းနှင့် နံ့သာမြိုင်လမ်းထောင့်ရှိ သာသနာ့ရောင်ခြည်ဓမ္မာရုံနှင့် (၅၁)ရပ်ကွက်၊ စက်မှုကြွေမြေလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁၈၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံးတို့အား ရပ်ကွက်တွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့သည်။ အဆိုပါရောင်းချရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ