သူနာပြုတက္ကသိုလ် (မန္တလေး)မောင်မယ်သစ်လွင်  ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ချမ်းမြသာစည်  နို၀င်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုတက္ကသိုလ်(မန္တလေး)၏ M2 ခန်းမတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ Zoom meeting ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်စိန်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား အမှာစကားပြောကြား ပြီး‌နောက် ကျောင်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။    

အခမ်းအနားသို့သူနာပြုတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာ ခင်စိန်ဝင်း၊ ဒုတိယပါ‌မောက္ခချုပ် ဒေါက်တာ ဒေါ်နန်းအောင်၊ ဒေါက်တာ ညီညီဌေးနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ပထမနှစ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ ၁၄၃ ဦး စုစုပေါင်း အင်အား ၁၇၀ ဦး တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ခင်စိမ်း၀င်း(မြို့နယ် ပြန်/ဆက်)