သတင်းများ

ပေါက်ခေါင်းမြို့နယ် ကျေးရွာနှစ်ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါအဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့ အ.ထ.က တွင် လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူး၍ ‘လူငယ်နှင့်အားကစား’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Nov 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဘဏ်ဝန်ထမ်းများက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ရောင်ပြန်စ‌တေကာများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Nov 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များအား ညအချိန် ယာဉ်အန္တရာယ်ကင်းဝေးစေရန် အတွက် ရောင်ပြန်စ‌တေကာများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်
Nov 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ် ရဲစခန်းမှူးရုံးများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်း မြို့မ စည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြ၍ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားတံဆိပ် ဖော်ပြ၍ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Nov 22,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် မွေးမြူရေးဒီပလိုမာ သင်တန်းကျောင်းကို တွဲဖက်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် အခြေခံအဆောက်အဦများကို တည်ဆောက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် တည်ဆောက်ရေးလုပ်ငန်းများ၏ လုပ်ငန်းပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ်၌ ပထမနှစ်ကျောင်းသား ကျောင်းသူများအား နွေးထွေးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Nov 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကွန်ပျူတာတက္ကသိုလ်တွင် ဌာနမှူးများ၊ သင်တန်းမှူးများနှင့် ဆရာ၊ ဆရာမများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။