ကန်ကြီးထောင့်မြို့ အ.ထ.က တွင် လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပ

ကန်ကြီးထောင့် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူး၍ ‘လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်  အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင်  ကန်ကြီးထောင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာလင်းက လူငယ်နှင့်အားကစား အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး  ကျောင်းသားကျောင်းသူလေးများအား ကိုယ်ကာယလေ့ကျင့်ခန်းများအား  ၀န်ထမ်းများမှ သရုပ်ပြတင်ဆက်ကပြခဲ့ကြရာ တက်ရောက်လာသော ကျောင်းသားကျောင်းသူလေးများမှလည်း  အတူတကွ ပျော်ရွှင်စွာလိုက်ပါ ကပြခဲ့ကြကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)