မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

မိုးနဲ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဘဏ်ဝန်ထမ်းများက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊  နိုဝင်ဘာလအတွက် ပင်စင်လစာငွေများကို နံနက် ၉ နာရီအချိန်မှစတင်၍ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း မြို့ပြအငြိမ်းစားပင်စင်စား ၁၅၉ ဦး၊ ကာကွယ်ရေးအငြိမ်းစား ပင်စင်စား ၁၅၁ ဦးနှင့် နိုင်ငံရေးပင်စင်စား ၂၄ ဦး စုစုပေါင်း (၃၃၄) ဦးရှိပြီး ယနေ့တွင် မြို့ပြပင်စင်အငြိမ်းစာများကို ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)