သတင်းများ

လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းတွင် ဟောပြောပွဲနှင့် နယ်လှည့် စာကြည့်တိုက် ဆောင်ရွက်
Nov 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ သွားရောက်၍  ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အနော်ရထာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Nov 22,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အနော်ရထာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 22,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေး
Nov 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကြီးတွင် သွားရောက်ဖျော်ဖြေတင်ဆက်မည့် နှစ်ပါးခွင်အက ဖျော်ဖြေပွဲသို့တက်ရောက်၍ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်
Nov 22,2022
(၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကြီးတွင် သဘင်အစည်းအရုံးမှ သွားရောက်ဖျော်ဖြေတင်ဆက်မည့် နှစ်ပါးခွင်အက ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယမန်နေ့ ည ၇ နာရီအချိန်တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
သက်မွေးပညာရပ်များကိုသင်ယူ၍ ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်ဝင်ငွေနှင့် လူမှုစီးပွားဘဝများကို ပိုင်ဆိုင်နိုင်မည်
Nov 22,2022
ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်များဖြစ်သော ဆံပင်ညှပ်သင်တန်း၊ အခြေခံ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲများကို ယနေ့နံနက် ၈ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရသေ့တောင် မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့်မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအားစာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Nov 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် စာရင်းရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။