သဲကုန်းမြို့ မုန့်ဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဟန်အေး၊ ဒုတိယအုပ်ချုပ်ရေးမှူးဦးစောပြည့်စုံတို့မှ ဦးဆောင်၍ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မြို့မဈေးနှင့် ကျောင်းပြင်ပရှိ မုန့်ဈေးဆိုင်များတွင် မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး ခဲ့ကြသည်။