သတင်းများ

ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာသီးသန့် စံကွက်စတင် စိုက်ပျိုး
Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာစိုက်ပျိုးနိုင်ရေး ဧက(၈၁၀၃)ဧကကျော် လျာထားပြီး လျာထားချက်အတိုင်း စိုက်ပျိုးသွားနိုင်ရေး အတွက် ဆောင်းနေကြာသီးသန့်စံကွက်အနေဖြင့် ကျားသောင်ကျေးရွာအုပ်စု၊ ကျားသောင်ကျေးရွာရှိ တောင်သူ ဦးတင်ဌေးဦး၏ စိုက်ကွက်(၄)ဧကတွင် ယနေ့ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်း ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 22,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ မြစ်ကြီးနားမြို့၌ ကျင်းပ
Nov 22,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဆု‌ချီးမြှင့်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ​မြစ်ကြီးနားမြို့ မျက်မ​မြင်ကျောင်းရှိ မျက်ခင်းပြင်၌ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
သန်လျင်မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်
Nov 22,2022
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။
ပြည်မြို့ နဝင်းနယ်မြေ၊ နဝင်းကွက်သစ်၌ ပြည်သူများအတွက် စျေးသစ်ဖွင့်လှစ်
Nov 22,2022
ပဲခူးတိုင်း‌ဒေသကြီး၊ ပြည်မြို့၊ နဝင်းနယ်မြေ၊ နဝင်းကွက်သစ် (၁၀)လမ်းနှင့် (၁၁)လမ်းထောင့်နေရာတွင် ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်းသူပြည်သူများ ရောင်းရေး/ဝယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ယာယီစျေးသစ်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့တာဝန်ရှိသူများ ထံမှသိရသည်။
ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂)ဖွင့်လှစ်
Nov 22,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်နည်းပညာတက္ကသိုလ် အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂) ဖွင့်လှစ်ခဲ့ရာ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်စီးမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်မှပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊လက် ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ဆည်ကြီးကျေးရွာတွင် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲပြု လုပ်
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆည်ကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။