မိတ္ထီလာ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းအား ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောင်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဒေသခံများသွားလာရ အဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ကျေးရွာတစ်ရွာလျှင် Cash For Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ဖြင့် သြဂုတ်လ ပထမပတ်မှ စတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများ စုပေါင်း၍ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ကျေးရွာတစ်ရွာလျှင် Cash For Workစီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ဖြင့် မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် အရှည် ပေ ၂၄၅၀ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်း လုပ်ငန်းနှင့် အရှည်ပေ ၄၉၀၀ ၊ အကျယ် ၁ပေ ၆လက်မ၊ အနက် ၂ပေရှိ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး မလှိုင်မြို့နယ် ကုန်းတဲမြောက်ကျေးရွာတွင် အရှည်ပေ ၁၇၀၀၊အကျယ် ၁ပေ ၉လက်မ ၊ အနက် ၁ပေ ၉လက်မရှိ အုတ်စီရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ၎င်းအပြင် သာစည်မြို့နယ် အလယ်ရွာကျေးရွာတွင် အရှည် ပေ ၂၃၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်းအား ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည်ပေ ၅၀၀၀ ၊ အကျယ် ၁ပေ ၆ လက်မ၊ အနက် ၂ပေရှိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး ဝမ်းတွင်းမြို့နယ် ပွေးစုံကုန်း (ပြည့်စုံကုန်း)ကျေးရွာတွင် အရှည် ပေ ၂၁၈၀ ၊အကျယ် ၁၂ ပေ ၊ ထု ၆လက်မရှိ ကျေးရွာတွင်း လမ်း အား ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည်ပေ ၄၇၁၀ ၊ အကျယ် ၁ပေ ၆လက်မ၊ အနက် ၂ပေရှိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျေးရွာ လေးရွာမှဒေသခံပြည်သူများ ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)