စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများလက်ဝယ်အရောက်ရောင်းချပေး

ဇေယျာသီရိ နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ရွှေပြည်စိုး ဆီပွဲရုံမှ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား မီးဖိုချောင်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ ရာ စားသုံးဆီတစ်ပိဿာ ၄၉၀၀ကျပ် နှုန်းဖြင့် တစ်အိမ်ထောင်စုလျှင် တစ်ပိဿာနှုန်း ဆီပိဿာချိန် (၁၆၁၂) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)