ကြံခင်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၏ ထပ်ဆင့်ညွှန်ကြားချက်အရ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီ အချိန်က ကြံခင်းမြို့နယ်အတွင်းရှိ ဆိုက္ကားဂိတ်များရှိ အနှေးယာဉ်များအား ရောင်ပြန် စတစ်ကာတပ်ဆင်ရန် အသိပညာပေးကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းသည် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ ညွှန်ကြားလာမှုအပေါ် မြို့နယ်အတွင်းရှိ အနှေးယာဉ် ဆိုက္ကားများ၏ ရှေ့ဘက်/နောက်ဘက်တွင် အဆိုပြုရောင်ပြန်သတ်မှတ်ပုံစံ အလျား(၆")၊ အနံ(၄")စတစ်ကာ ကပ်ထားဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်း ဆောင်ရွက်ကြကြောင်းနှင့် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ထပ်မံအသိပညာပေး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသော အနှေးယာဉ်ဆိုက္ကားများအား အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)