ဘိုကလေးမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၀၉) ၊ ကျုံဖားတောင်ကွင်းအတွင်းရှိ ဆင်းသွယ်လတ်စပါးမျိုးကွဲ၏ (ကောင်း) အဆင့်အတန်း ကိုယ်စားပြုဧရိယာအတွက် တောင်သူဦးတင်စိုး၏ ဦးပိုင်အမှတ် (၁၀) ၊ ဧရိယာ (၂၂.၆၄) ဧက စိုက်ပျိုးထားသော လယ်မြေအတွင်းမှ (၀.၆၉) ဧကအတွင်း စံကွက်အရွယ်အစား ဒဿမ (၀၀၁) ဧကအား ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီ အချိန်တွင် (၂၀၂၂-၂၀၂၃) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။