ဗန်းမော် နိုဝင်ဘာ ၂၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဆိုင်ရာ သိကောင်းစရာအသိပညာပေး (Talk Show) ကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက စီးပွားလုပ်ငန်းရှင်များ၏အဓိပ္ပာယ်၊ စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို လိုက်နာမှုမရှိပါက အရေးယူခံရနိုင်မှုအခြေအနေတို့ကိုမေးမြန်းခဲ့ရာ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲနှင့်သက်ဆိုင်သည့် အချက်အလက်များကို အကျယ်တဝင့်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)