ဘိုကလေးမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်

ဘိုကလေး နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၀၉) ၊ ကျုံဖားတောင်ကွင်းအတွင်းရှိ ဆင်းသွယ်လတ်စပါးမျိုးကွဲ၏ (ကောင်း) အဆင့်အတန်း ကိုယ်စားပြုဧရိယာအတွက် တောင်သူဦးတင်စိုး၏ ဦးပိုင်အမှတ် (၁၀) ၊ ဧရိယာ (၂၂.၆၄) ဧက စိုက်ပျိုးထားသော လယ်မြေအတွင်းမှ (၀.၆၉) ဧကအတွင်း စံကွက်အရွယ်အစား ဒဿမ (၀၀၁) ဧကအား ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီ အချိန်တွင် (၂၀၂၂-၂၀၂၃) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသောင်းနိုင်ဦးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး ဆင်းသွယ်လတ်စပါးမျိုး (ကောင်း) အဆင့်အတန်း ကိုယ်စားပြု စံကွက်ကိုရိတ်သိမ်းခဲ့ရာ ခြောက်သွေ့ပြီး စပါးတစ်ဧကအထွက် (၁၀၁.၉၁) တင်း ထွက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)