ကျောက်တံခါးမြို့ မြို့မစျေးကြီးရှိ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့မစျေးကြီးတွင် ဖွင့်လှစ်ထားရှိသော ဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေး ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ထားရှိမှုအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက အလွယ်တကူ ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးလက်တွေ့ အသုံးပြုပုံအား သရုပ်ပြခြင်းနှင့် မီးသတ်ယာဥ်အသုံးပြု၍ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။