မိုင်းနောင် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် အမှတ်(အမှတ်၂)ရပ်ကွက်သို့ စာအုပ်၊စာစောင်များကို ယမန်နေ့နံနက် (၉)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော မိဘပြည်သူများ စာအုပ်၊ စာပေများ အလွယ်တကူလေ့လာဖတျရှုနိုင်ရေး၊ ပြင်ပဗဟုသုတများရရှိစေရေးနှင့် အားလပ်ချိန်တွင် စာအုပ်စာစောင်များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြှင့်မားရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များ၊ ရပ်ကွက်များသို့ စာအုပ်၊စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
မိုးသောက်