နမ့်စန်မြို့ ဝမ်ပုံကျေးရွာအုပ်စုတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

နမ့်စန်(တ) နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ပုံ(နမ့်စန်)ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ကွင်းအမှတ်(၁)၊ ဦးပိုင်အမှတ်(၉)ရှိ တောင်သူဒေါ်နန်းတုတ်ခမ်း၏ လယ်စပါးစိုက်ခင်းအတွင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက တောင်သူဒေါ်နန်းတုတ်ခမ်း ပိုင်လယ်မြေ(၂.၁၂)ဧကတွင် စိုက်ပျိုးထားသော ခေါက်လှိုင်း(ဧည့်မထအထွက်ကောင်း)စပါး ကိုယ်စားပြုစံကွက် (၀.၀၀၁)ဧကအားရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အစိုထွက်တင်း (၁၁၅.၇၀)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သူရအောင်