ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်၊ ရွှေကြက်ဖမီးပွိုင့်အနီး အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။