ဒဂုံမြို့နယ်အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဒဂုံ       နိုဝင်ဘာ      ၂၅                   

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်၁၀ နာရီက  အမှတ်(၃)အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ဖြစ်သည့် စာဖတ်သည့်အ​လေ့အထဖြစ်​ပေါ်လာ​စေရန်၊ ဗဟုသုတပိုမိုတိုးပွားပြီး ရဲဝင့်စွာပါဝင်​ဆွေးနွေး၊ ယှဉ်ပြိုင်နိုင်ကြရန်စသည်တို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ဒဂုံမြို့နယ်အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်