ကရသူရိ နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်း သား/ကလေးငယ်များအား ပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့ ညနေ ၃နာရီက ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား/သူများနှင့် စာကြည့်တိုက်သို့လာရောက်သည့် စာဖတ်ဝါသနာရှင်ကလေးငယ်များ ပူးပေါင်း၍ ၎င်းတို့ကြိုက်နှစ်သက်သည့် ပုံပြောပြိုင်ပွဲ၊ မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကိုပြုလုပ်ပေးခဲ့ ကြောင်း အဆိုပါပြုလုပ်ခြင်းသည် ကျောင်းသား/ကလေးငယ်များအား ကျောင်းသင်ခန်းစာများအပြင်မိမိတို့၏ ဘဝတိုးတက်ရေးအတွက် စာကြည့်တိုက်မှအသိပညာများစွာရရှိပြီး လက်တွေ့တွင် အသုံးချတတ်စေရန်နှင့် စာအုပ်/စာပေများချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)