မိုင်းပန် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း၍ လူငယ်နှင့်အားကစား အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အား/ကာမှူး ဒေါ်ဝင့်သူဇာထွန်းက လူငယ်များနှင့်ပတ်သက်၍ အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မိမိတို့ဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသော အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် သင်တန်းသားများရရှိရေး စည်းရုံးဆောင်ရွက်ခြင်း လူငယ်များ အားကစားပြုလုပ်ခြင်းဖြင့် မူးယစ်ဆေးသုံးစွဲမှုမှ ကင်းဝေးခြင်း၊ လမ်းမှားများ မရောက်အောင် အားကစားဘက်တွင်ထူးချွန်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူငယ်များအနေဖြင့် မိမိတို့ဝါသနာပါသည့်အားကစားများကို ကစားပေးခြင်းဖြင့် ထူးချွန်သည့်လူငယ်များ ဖြစ်စေလိုကြောင်း စသည့်အကြောင်း အရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)