သုံးခွမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

သုံးခွ နို၀င်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသောဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဟိန်းလတ် "ရေးသားသည့်"  အောင်မြင်လျှောက်လှမ်း နည်းလမ်းအသွယ်သွယ်" (သို့မဟုတ်) ဘ၀အောင်မြင်ရေးမှတ်စုများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး  (Book Club)အဖွဲ့၀င် ဦးကြည်စိုးလွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် "အောင်မြင်မှုဇာတ်လမ်း"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင်လူတစ်ဦး တစ်ယောက်အောင်မြင်မှုမှာ အဓိကကကံ၊ ဉာဏ်၊ဝီရိယက အရေးကြီးဆုံးဖြစ်ပါ ကြောင်း၊ ဉာဏ်ကတော့ မိမိလုပ်ဆောင်မယ့် အလုပ်အတွက် အထောက်အပံ့ဖြစ်စေမယ့် အခြေခံပညာကို ပိုင်နိုင်နှံ့စပ်ရမယ်၊ ကျောင်းပညာရော၊ လက်တွေ့မျက်မြင် ဆည်းပူးလေ့လာတာတွေရော ပေါင်းစပ်ပြီး ဆုံးဖြတ်နိုင်တဲ့ဉာဏ်၊ ဆင်ခြင်သုံးသပ်နိုင် တဲ့ဉာဏ်တွေကို သုံးရမှာဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။‌ (Youth club) အဖွဲ့၀င် မောင်ပြည့်ဖြိုးက "  စည်းကမ်း" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် မြန်မာစကားမှာ "စည်း"ဆိုတာရှိပြီး "ကမ်း"ဆိုတာလည်းရှိပါကြောင်း၊ စည်းတစ်ခုထားပြီး ကန့် သတ်ထားရင် အဲဒီစည်းဘောင်က မကျော်ရဘူး၊"ကမ်း"ဆိုတာကလည်း မြစ်ချောင်း၊ ပယ်လယ်သမုဒ္ဒရာတိုင်းရဲ့ အကန့်အသတ်ပဲဖြစ်ပါကြောင်း စသည်အကြောင်းအရာ များကိုပြောကြားသည်။

ဆက်လက်၍ ( youth club)အဖွဲ့၀င် မကေဇင်သွယ်မှ လည်း  "လမ်းညွန်မှု " ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဘယ်အလုပ်မဆို လမ်းညွှန်မှုဆိုတာ မရှိမဖြစ်ရှိရမှာဖြစ် ပါကြောင်း၊ ကျောင်းတွေမှာ ပညာသင်ယူကြတာဟာ ဘ၀လမ်းကြောင်းအတွက် လမ်းညွှန်မှုခံယူပြီး မိမိထက် ပညာရော အတွေ့အကြုံပါ သာလွန်တဲ့သူ ဆရာ၊ဆရာမ တွေဆီကနေလမ်းညွှန်မှုကို ခံယူရပါကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တက်ရောက်လာသူများမှလည်း စာအုပ်ပါ ခေါင်းစဉ်များထဲမှမိမိတို့ ဖတ်ရှုထားသည့် အကြောင်း အရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြပြီး နောက်မြို့နယ်ရုံးတွင် ပြသထားသော နံရံကပ်စာစောင်များကိုလည်း စိတ်ပါ၀င်စားစွာ ကြည့်ရလေ့လာခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)