သတင်းများ

တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစား
Nov 25,2022
နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များ ကို လိုက်နာကျင့်သုံးပြီး တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ဆရာမကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၁၈ ရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်း ပြောကြားသည်။
အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေး
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှု နိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၂၆)ဦးအား အကျိုးခံစားခွင့်များ ပေးအပ်
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၂၆)ဦးအား မီးဖွားခွင့်၊ မီးဖွားစရိတ်၊ ခရီးစရိတ်နှင့် နာရေးစရိတ်များကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် Aerobic & Fitness Dance အားကစားနည်း သင်တန်းဆင်းပွဲကျင်းပ
Nov 25,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၂ ခုနှစ် Aerobic & Fitness Dance အားကစားနည်းသင်တန်းဆင်းပွဲကို မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ESME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတွေ့ဆုံ
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍမျိုးစုံနှင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများသည် ကျောက်ဆည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား မြို့တော်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊ဒ ဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အပတ်စဉ်အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တို့တွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် (Community Centre) ခန်းမ၌ စာအုပ်ပြပွဲကျင်းပ
Nov 25,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စာအုပ်ပြပွဲများကို ကျင်းပပြသခဲ့ကြောင်း သိရသည်။