ကျောက်တန်း နိုဝင်ဘာလ ၂၅
ကျောက်တန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင ၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်း/ခရိုင်၊ မြို့နယ်များမှာလည်း ကော်မတီဝင်များကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ကျောက်တန်းမြို့နယ်မှာလည်း မြို့နယ်အဆင့်ကော်မတီ ဖွဲ့စည်းထားရှိပြီး ဖြစ်တဲ့အတွက် ကလေးသူငယ်များအကျိုးကို ဆောင်ရွက်ရန်လိုပါကြောင်း၊ ကလေးသူငယ်များ၏ အဓိကကျသည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်ကိုလည်း ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ကလေးသူငယ်များဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်(၉)ရပ်ကို သိရှိနားလည်ဆောင်ရွက်စေ လိုပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များနှင့် အကြောင်းအရာများအား ရှင်းလင်ပြောကြားခဲ့ပြီး ကော်မတီဝင်များမှလည်း ထပ်မံဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်၊
မြို့နယ်ပြန်/ဆက်