ရေတာရှည် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှတ် (၆) သကြားစက်အား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေးလက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ သကြားစက်တွင် ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်က မီးလောင်မှု၏ အခြေခံသဘောတရားများ၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများအား ဆွေးနွေးပြောကြားခဲ့ပြီး စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်နည်းအား လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ သကြားစက်ဝန်ထမ်းများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အမှတ် (၆) သကြားစက်အတွင်း မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားမှု အခြေအနေများ၊ လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)