ပေါင်းတည်မြို့နယ်တွင် တပ်မတော် တပ်ဖွဲ့ဝင်မိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပေါင်းတည် နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် အိမ်ထောင်စုနှင့်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သူများရှိနေသေးပါက ဆောင်ရွက်ပေးခြင်းစသည့် ပြန်လည်စိစစ်ခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံက်ပိုင်းက ပေါက်တောတပ်နယ်သို့ ကွင်းဆင်း၍ လိုအပ်သည်များကိုနေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးအရာရှိဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက အမှတ် ၁၀ ခြေမြန်တပ်ရင်းရှိ အရာရှိ၊ အရာခံအကြပ်တပ်သားများ၏ မိသားစုဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြား လိုအပ်သူများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )