ဟိုပုံး နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့် စစ်ကြောင်း (၅) ကြောင်းမှ ယမန်နေ့နံနက်ပိုင်းတွင် လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ပေါ်ဟွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ နယ်မြေဒေသ လုံခြုံရေးကိစ္စရပ်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမှုများကိုလည်းကောင်း၊ အဖွဲ့ဝင်ဗိုလ်မှူး ဖြိုးနိုင်ဦးမှ ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ သစ်တောကဏ္ဍများတွင် လိုအပ်ချက်များရှိပါက တင်ပြပေးနိုင် ပါကြောင်း ပြောကြားရာ ဒေသခံပြည်သူများမှ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး တင်ပြကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)