မိုးနဲမြို့နယ်၌ စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်

မိုးနဲ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာငှား၊ စာဖတ် ပရိတ်သက်များအနေဖြင့် စာအုပ်/ စာစောင်များ ဖတ်ရှုလိုက်ခြင်းကြောင့် အသိပညာရရှိစေရန်၊ စာပေဖတ်ရှုချင်သည့် အလေ့အကျင့်ကောင်း ရရှိစေရန်၊ အားလက်သောအချိန်ကို အကျိုးရှိစွာ စာပေဖတ်ရှုခြင်းဖြင့် ကုန်ဆုံးစေရန်၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သက်များ အနေဖြင့် အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက် စာအုပ် ငှားရမ်းဖတ်ရှုချင်စိတ် ရှိစေရန် ရည်ရွယ်၍ တေဇရုပ်ပြ စာအုပ်များ၊ သုတ၊ ရသစာအုပ်များ၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည် စာအုပ်များကို ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီးများပါ ဖတ်ရှုနိုင်စေရန် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စာအုပ်/စာစောင် ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ် ဌာနဆိုင်ရာ ရုံးများအပါအဝင် အခြေခံပညာကျောင်းများ၌လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 ဇင်ကိုကို (ပြန်/ဆက်)