ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့မဈေးရှိဈေးသူ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြရန် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြ မီးငြိမ်းသတ်ခြင်း ဈေးဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများက လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖြန်းခြင်း၊ မီးငြိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်များက သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစံသိန်းမီးသတ်ဦးစီးဌာန ဝန်ထမ်းများဌာနဆိုင်ရာများနှင့် ဈေးသူ၊ ဈေးသားများ လာရောက်အားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)