မုဒုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မုဒုံ နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ  လုပ်သားပြည်သူများ အားကစားနှင့်စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုပေးပွဲအခမ်း အနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ  မီတာ (၄၀၀) ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို နိုင်ဝင်ဘာ ၄ ရက်မှစ၍ ဘောလုံးအသင်း(၁၂)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲစဉ်တွင် GAD အသင်းက မြို့မ (၂)အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။  ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် အကောင်းဆုံးအားကစားသမားဆုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန် ဉာဏ်ရည်မြင့်မားသော အားကစားသမားများ ပေါ်ထွန်းရေး၊ မြို့နယ်အတွင်းရှိ လုပ်သားပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် လူတန်းစားအသီးသီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေကာ ရပ်ကွက်/ကျေးရွာမှစ၍ မြို့နယ် ပြည်နယ်မှတစ်ဆင့် နိုင်ငံအတွက် မျိုးဆက်သစ်အား ကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)