အထက်မင်းလှ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူး ကျင်းပပြုလုပ်သော အသက်၁၈နှစ်အောက် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက၊ မြို့နယ်အားကစားကွင်းနှင့် မင်းလှ အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်၌ ကျင်းပပြုလုပ်သည့်အသက် ၁၈ နှစ်အောက် ကျောင်းပေါင်းစုံ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ကျား/မ မီတာ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ အပြေးပြိုင်ပွဲ၊ ပြေးခုန်ပြစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများကိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
အဆိုပါပြိုင်ပွဲအသီးသီး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများမှ ထူးချွန်သူမျအား ရွေးချယ်ပြီး၊ ခရိုင်အဆင့် အားကစားပြိုင်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှသိရသည်။
ဇာဇာ (အထက်မင်းလှ)