သတင်းများ

ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာ သိနားလည်မှု ဟောပြောပွဲကျင်းပ
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာသိနားလည်မှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂  နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မသန်စွမ်းသူများ အခွင့်‌အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ကျေးရွာအုပ်စု၊ ရွေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ရှိန်းကျဲအထည်ချုပ်စက်ရုံနှင့် Gold Emperor ဖိနပ်စက်ရုံများသို့ ယမန်နေ့နေ့လည်(၁၂:၀၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား စက်ရုံလည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့  သွားရောက်ငှားရမ်းပေးသည်။
ဒေးဒရဲမြို့ ၌ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြင်းမူမြို့နယ် ပြန်/ဆက် ဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Dec 02,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ “ ကလေး အလုပ် သမားပပျောက်ရေး” အသိပညာ ပေး Talk Show ကျင်းပခြင်းကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ဆောင်းသီးနှံကုလားပဲစိုက်ခင်းများဖြစ်ထွန်းအောင်မြင်
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ကုလားပဲသီးနှံကို နှစ်စဥ်ဧက ၃၀၀၀၀ ခန့် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင်လည်း ကုလားပဲသီးနှံအား ဧက ၃၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့အထိ ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးခဲ့ကာ စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း၊ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆက်လက် စိုက်ပျိုးနေကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။