ပေါင်းတည် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူလေးများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို ရွေးချယ်ဖတ်ရှုတတ်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် Mobile သုံးဘီးယာဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာမူလတန်းကျောင်း အုန်းနှဲစမ်းကျေးရွာသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် Mobile သုံးဘီးယာဉ်ဖြင့် သုတ၊ ရသ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့က လှူဒါန်းထားသည့်ရုပ်ပုံပါ စသည့် စာအုပ်ပေါင်း ၁၂၅အုပ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)