မိုင်းဖြတ် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်လျက် ကျန်းမာရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစာင်များ ခင်းကျင်းပြသခြင်းကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။
ထိုသို့ ခင်းကျင်းပြသရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေးစာစောင်များ ဖြစ်သည့် နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်း ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများ၊ သဘာဝဘဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်အချက်များ၊ အခြားအသိပညာပေး စာစောင်များကို ခင်းကျင်းပြသထားလျက်ရှိရာ အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်လေ့လာဖတ်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)