သိန္နီ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ညွန်းအမှတ်အသား (၁၁) ချက်နှင့် ကိုက်ညီမှု ရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များရှိ အခြေခံစားသောက်ကုန်များတွင် မြန်မာစာ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုအခြေအနေများ၊ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ၊ ရက်လွန်စားသောက်ကုန် ပစ္စည်းများရောင်ချမှုမရှိစေရေး၊ FDA လက်မှတ်ပါရှိမှု ရှိ၊ မရှိ လိုက်လံကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ပြည်သူများ စားသောက်ကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်ရရှိစေရန်၊ ကျန်းမာသောပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်နိုင်စေရန်နှင့် စားသုံးသူများနှင့် ပတ်သက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)