အင်တောမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို ့ပူးပေါင်း၍ စာရေးဆရာမြင်းခြံကျော်အောင်(ခ) သန်းထက်စံရေးသားထားသော “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။