သတင်းများ

စလင်းမြို့နယ်၌ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ပြည်သူများဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Dec 13,2022
မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနရုံး (Community Centre) ခန်းမဆောင်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲပြုလုပ်
Dec 13,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့ပေါ်ရှိဆေး အရောင်းဆိုင်များ စံနှုန်းနှင့်မညီသော ဆေးများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 13,2022
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်စားသုံးသူ‌ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များအား စံနှုန်းနှင့်မညီသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ်တွင် မိုးနှောင်း ဆင်းရွှေကြာ-၂ နေကြာစံကွက်ရိတ်သိမ်း
Dec 13,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာရှိ တောင်သူဦးထွန်းပ၏ မိုးနှောင်း ဆင်းရွှေကြာ-၂ နေကြာစံကွက်တစ်ဧက စိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်(၂၀၂၂) ခုနှစ် ပြဌန်းရခြင်းအကြောင်းအရာများအား ရှင်းလင်းခြင်း
Dec 13,2022
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ် (၂၀၂၂) ခုနှစ်အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေများအား ရှင်းလင်ချပြခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 13,2022
ပဲခူးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ပဲခူးမြို့ဥဿာမြို့သစ်(၈)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်းကြား(Public Area)တွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများများ၊ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
​အမရပူရမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် ယ​မန်နေ့၊ နေ့လယ်  ၂ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။