သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့က မြို့သစ်ရပ်ကွက် အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာရေးဆရာဒေါက်တာ ခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထောင်မြို့ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်
Dec 13,2022
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ စားရေရိက္ခာများ ဆုံးရှုံးမှု မရှိစေရေးနှင့် အမှိုက်ကင်းစင်၍ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် ဖြစ်စေရေးတို့အတွက် ဈေးမီးဘေးလုံခြုံရေးနှင့် သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ စည်ပင်သာယာဈေး အတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်
Dec 13,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက ယင်းမူကုန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး
Dec 13,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၏စီစဉ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ အခြေခံလူတန်းစားများအားချိုသာသော ဈေးနှုန်းဖြင့်စားသုံးဆီများ ရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက ညောင်နီပင်ကျေးရွာနှင့်ကန်သာ ကျေးရွာတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး သရုပ်ပြသခြင်းများဆောင်ရွက်
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း သရုပ်ပြသခြင်းများကို ယမန်နေ့ ညနေ ၃နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အမရပူရမြို့၊ ရွှေဂွမ်းထုပ်ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ ဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့် ရွှေဂွမ်းထုပ် ရပ်ကွက် ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန် အဆိုပါရပ်ကွက်ရှိ နဂါးရုံဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ဆောင်းသီးနှံ ၆၃၀၀၂ဧကနှင့် ဟင်းသီးဟင်းရွက် ၃၆၈၂ဧက စိုက်ပျိုးထားရှိ
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆောင်းသီးနှံမျိုးစုံ စုစုပေါင်း ၆၆၆၈၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။