သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထက(၂)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထက(၂) အခြေခံပညာအထက်တန်းကျောင်း မုဒိတာခန်းမတွင် ကျောင်းသား/ သူ၊ လူငယ်၊ လူရွယ်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက အထက(၂) မုဒိတာ‌ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများပြုလုပ်
Dec 13,2022
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာနံရံကပ်စာစောင်ပြပွဲနှင့် မှတ်တမ်းဓာတ်ပုံပြပွဲများကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‎ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ညနေပိုင်းက ပြသခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေး ရှင်လင်းပွဲ ပြုလုပ်
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ  ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ် တံခါးမကျေးရွာဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေး
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက်၊ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲကို၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က တံခါးမကျေးရွာအုပ်စု၊ တံခါးမ ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ် လှည်းတန်းစင်တာ၌ စာအုပ်စျေးရောင်းပွဲတော်ကျင်းပ
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လှည်းတန်းစင်တာတွင် စာအုပ်ပေါင်းကူးမှစီစဉ်သည့် ဒီဇင်ဘာလ အထူးစာအုပ်စျေးရောင်းပွဲတော်ကို ( ၁၂-၁၂-၂၀၂၂) မှ(၁၈-၁၂-၂၀၂၂) ရက်နေ့အထိ (၇)ရက်တိုင်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
သပိတ်ကျင်းမြို့နယ်တွင် အချိုးကျ ကိုယ်စားပြု(Proportional Representation System-PR) စနစ်ရှင်းလင်းပွဲနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ရွေဝါဝင်းခန်းမတွင် ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အချိုးကျကိုယ်စားပြု (PR)စနစ်ရှင်းလင်းပွဲနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွင်စရာ ကစားနည်းပြိုင်ပွဲကျင်းပ
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ကစားနည်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။