သတင်းများ

မင်းလှမြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများ အသိပေးရှင်းလင်းခြင်း ဆောင်ရွက်
Dec 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကိန်းဆက်ဆေးရောင်ခြယ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကိန်းဆက်ဆေးရောင်ခြယ်ခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Dec 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ" အိုမီခရွန်ရောဂါ" အကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူ၌ သမိုင်းဝင်မြတ်စောညီနောင်ဘုရား နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 15,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ရှိ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
သနပ်ပင်မြို့နယ်တွင် ဥပဒေနှင့်အညီနေထိုင်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်နေမှုများအား Cross Check ပြုလုပ်ထားရှိမှု ရှင်းလင်းပြောကြားခြင်း အခမ်းအနားကျင်းပ
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဥပဒေနှင့်အညီ နေထိုင်သူများ၏ နိုင်ငံသားစိစစ်‌ရေးကတ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်‌နေမှုများအား Cross Check ပြုလုပ်ထားရှိမှု ရှင်းလင်း‌ပြောကြားခြင်းနှင့် လက်တွေ့လုပ်ဆောင်မှု အခမ်းအနားကို ယမန်‌နေ့မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာ၌ မြို့အုပ်ချုပ်ရေးမှူးဖလား သဲသောင်ပြင် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မြို့အုပ်ချုပ်ရေးမှူးဖလား သဲသောင်ပြင် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက Azura Hotel ရှေ့ ကမ်းခြေသဲသောင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မကွေးမြို့၊ မြို့ဝင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်
Dec 15,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ မြို့ဝင်မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့ဝင်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။