သနပ်ပင်မြို့နယ်တွင် ဥပဒေနှင့်အညီနေထိုင်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်နေမှုများအား Cross Check ပြုလုပ်ထားရှိမှု ရှင်းလင်းပြောကြားခြင်း အခမ်းအနားကျင်းပ

သနပ်ပင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဥပဒေနှင့်အညီ နေထိုင်သူများ၏ နိုင်ငံသားစိစစ်‌ရေးကတ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်‌နေမှုများအား Cross Check ပြုလုပ်ထားရှိမှု ရှင်းလင်း‌ပြောကြားခြင်းနှင့် လက်တွေ့လုပ်ဆောင်မှု အခမ်းအနားကို ယမန်‌နေ့မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်း‌ဒေသကြီး  နယ်မြေတာဝန်ခံ ဦးစိုးဦးမှ သနပ်ပင်မြို့နယ်အတွင်းရှိ  (နိုင်)ကတ် အထပ်များအား cross check ပြုလုပ်ထားသော စာရင်းများမှ မှန်ကန်စွာ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်တို့မှ ဝန်ထမ်းများနိုင်ကတ်များ စစ်ဆေးပြင်ဆင်‌‌နေမှုများအား စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊  ရပ်ကျေးစာရေးများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ ဆက်)