ဘောဂလိ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ" အိုမီခရွန်ရောဂါ" အကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က ပြည်သူများ အသိပညာ ဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးဇော်ဦးက ယခုအချိန်တွင်မျိုးရိုးဗီပြောင်း ကိုဗစ်-၁၉ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်(BA4.BA5) ရောဂါပိုးများသည် နိုင်ငံအနှံ့၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးများ ကူးစက်လျက်ရှိကြောင်း၊ လတ်တလော ဖြစ်ပွားနေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးအိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို ကာကွယ်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာကြရန် လိုအပ် ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားပြီးနောက် အိုမီခရွန် ရောဂါမျိုးစိတ်သစ်ရောဂါလက္ခဏာများ၊ ကြို တင်ကာကွယ်ရန်နည်းလမ်းများနှင့် အိုမီခရွန်မျိုးစိတ်သစ်နှင့် ပတ်သက်၍ လိုက်နာသင့်သည့် အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကြည်ကြည်ခိုင်(ပြန်/ဆက်)