ဟုမ္မလင်း ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကိန်းဆက်ဆေးရောင်ခြယ်ခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်က ကျောင်းသား/သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အ-မ-က(၁)Grade (1)မှကျောင်းသား/သူ (၂၀)ဦးက ကိန်းဆက်ဆေးရောင်ခြယ်ခြင်း၊ Grade ( 2)မှ (၂၀)ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲများ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆု၊ နှစ်သိမ့်ဆု ရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများကဆုများ အသီးသီးချီမြှင့်ပေးအပ်ခဲ့ကြပြီး၊ ဆုရရှိသူများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများကြောင်း ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲများကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)