မင်းလှမြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများ အသိပေးရှင်းလင်းခြင်း ဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် ၂၀၂၂ခုနှစ်အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင်ပါဝင်သည့်အချက်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် အသင်းအဖွဲ့၏ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံဒီဇိုင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာများရှိ အသင်းအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များကအသင်းအဖွဲ့၏   လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)