သတင်းများ

ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)အခြေခံပညာ မူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ မူလတန်းကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉:၃၀)နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။
 မိတ္ထီလာပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကျင်းပ
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌   လွတ်လပ်ရေးနေ့အကြောင်း ဟောပြောပွဲကျင်းပ
Dec 16,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centreခန်းမတွင် လွတ်လပ်ရေးနေ့အကြောင်း အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီကကျင်းပကြောင်းသိရသည်။
ပန်းတနော်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 16,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အနောက်ပိုင်းရပ်ကွက် မြို့မဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင်ကျောင်းတွင်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 16,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကျင်းပ
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
Dec 16,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းသို့ လာရောက် ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို လက်ကောက်ဈေးရပ်ကွက် မြတန်ဆောင်းတိုက်ပွဲရှောင်စခန်း၌  ယမန်နေ့ က ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။