သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေထုတ်ချေးမှုအား တက်ရောက် ကြည့်ရှုအားပေး
Dec 15,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းသည် တိုင်းအဆင့်ဌာနဆိုင်ရာများ ဖြစ်ကြသော အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ခရိုင်မှူးများ၊ မြို့နယ်အဆင့်ဌာန ဆိုင် ရာတာဝန်  ရှိသူများလိုက်ပါ၍ တပ်ကုန်းမြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာ၊ ကျေးချောင်း(မ) ကျေးရွာ၊ ညောင်ငါးပင်(မ) ကျေးရွာများတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု(One  Village  One  Product OVOP )လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  ဇီးကုန်းကျေးရွာမှ  တံမြက်စည်းလုပ်ငန်း၊ ကျေးချောင်း (မ)ကျေးရွာမှ  ထန်းကုလားထိုင်လုပ်ငန်း၊  ညောင်ငါးပင်(မ)ကျေးရွာမှ  ပဲကြော်၊ ပဲလှော်လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို  ယမန်နေ့  နံနက်ပိုင်းက ကျေးချောင်း(မ)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာအတွင်းရှိ နေအိမ်များအား မီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Dec 15,2022
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာအတွင်းရှိနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်‌‌ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းများအား မြစ်ကြီးနားခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ မိတ်ဆက်ရှင်းလင်းခြင်း၊ ဖြန်ဝေခြင်း အခမ်းအနားကျင်းပ
Dec 15,2022
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်‌‌ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းများအား မြစ်ကြီးနားခရိုင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့သို့ မိတ်ဆက်ရှင်းလင်းခြင်း၊ ဖြန်ဝေခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်း/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ  အစည်းအဝေးသို့ တက်ရောက်
Dec 15,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ယနေ့နံနက် (၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရန်ကင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့အဆင့်မြင့်သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 15,2022
ရန်ကင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအဆင့်မြင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် စာရေးဆရာမ မစန္ဒာရေးသားသည့် "ဂျိန်းဂျိန်းဂျုတ်ဂျုတ် ဂျိန်းဂျုတ်ဂျုတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀နာရီက စာရေးဆရာမ မစန္ဒာရေးသားသည့် "ဂျိန်းဂျိန်းဂျုတ်ဂျုတ် ဂျိန်းဂျုတ်ဂျုတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ သလ္လာအမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူသိပညာပေး ဟောပြော ပွဲကျင်းပ
Dec 15,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မုံရွာမြို့သလ္လာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။