သတင်းများ

မန္တလေးတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ် အဆင့်မြင့်ပညာဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ခွဲတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည်။
ထန်းတက်လုပ်ငန်းများ လုပ်ကိုင်သောထန်းတောင်သူများ ထန်းတက်ရန်ထန်းပင်ပြုပြင်ခြင်းများ စတင်ဆောင်ရွက်
Dec 16,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးရွာဒေသများတွင် ထန်းတက်လုပ်ငန်းများ လုပ်ကိုင်သော ထန်းတောင်သူများ ထန်းတက်ရန်အတွက် ထန်းပင်ပြုပြင်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထန်းတက်ရာသီက လာမယ့်ပြာသိုလပြည့်ကျော် လောက်မှာစမှာဆိုပေမယ့် ထန်းမတက်ခင် ထန်းပင်ပြုပြင်ခြင်းလုပ်ငန်းကို တစ်လ၊ တစ်လခွဲခန့်ကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရတာပါ။ ထန်းပင်က ထန်းရည်အထွက်ကောင်းဖို့ အခုလိုနှစ်စဉ်ပြုပြင်ပေးရပါတယ်။ ထန်းပင်က မလိုအပ်တဲ့ ထန်းလက်ထန်းဆံဖတ်တွေကို နင်းဖဲ့ခုတ်ဖြတ်ပေးပြီး ထန်းပင်ကို သန့်ရှင်းရေးလုပ်ပေးတဲ့သဘောလို့ ပြောလို့ရပါတယ်။ အခုတော့ ထန်းဖူးက ထန်းရည်စထွက်နေပြီဆိုပေမယ့် အထွက်နည်းသေးပါတယ်။ ပြာသိုလပြည့်ကျော်လောက်မှ ထန်းရည်ကောင်းကောင်းထွက်မှာဖြစ်ပါတယ်ဟု အုတ်နှဲဘုတ်ကျေးရွာမှ ထန်းတောင်သူ ဦးသန်းကြိုင်က ​ ပြောသည်။
ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန ( Community  Centre) ခန်းမ၌   ပင်လယ်သမုဒ္ဒရာ လှပဖို့အဏ္ဏဝါ စွန့်ပစ်ပစ္စည်းများ လျော့ချစို့ သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်
Dec 16,2022
စစ်ကိုင်းတိုင်းဒေသကြီးက လေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  ခန်းမတွင်  Online မှ ပင်လယ်သမုဒ္ဒရာ လှပဖို့အဏ္ဏဝါ စွန့်ပစ်ပစ္စည်းများ လျော့ချစို့ သိကောင်းစရာ အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအဆင်ပြေ
Dec 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာဘဲများဈေး ကောင်းပေးဝယ်နေ၍ ဘဲမွေးမြူသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် သစ်ခွတောင်ကျေးရွာတွင် မြစိမ်းရောင်ရန်စီမံကိန်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သစ်ခွတောင်ကျေးရွာတွင်မြစိမ်းရောင်ရန် စီမံကိန်းကော်မတီဝင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆီစက်အဆင့်မြှင့်တင်ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ဆီစက်လုပ်ငန်း ချေးငွေ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့မှ ကွင်းဆင်းစိစစ်
Dec 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်အတွင်းရှိ ဆီစက်အဆင့်မြှင့်တင် ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ဆီစက်လုပ်ငန်း ချေးငွေ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆီစက်များရှိရာ ကျေးရွာအရောက် ကြည့်ရှုစိစစ်ဆောင်ရွက် ကြသည်။ ထိုသို့ ကျေးရွာအုပ်စုများရှိ ဆီစက်အဆင့်မြှင့်တင် ဆောင်ရွက်လိုသည့်
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
Dec 16,2022
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြခန်းတာဝန်ခံများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
လိပ်သိုမြို့၌ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Dec 16,2022
စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးကြောင်း သိရသည်။