ကလေးဝ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးက လေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် Online မှ ပင်လယ်သမုဒ္ဒရာ လှပဖို့အဏ္ဏဝါ စွန့်ပစ်ပစ္စည်းများ လျော့ချစို့ သိကောင်းစရာ အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု တိယဦးစီးမှူး၊ ဒေါ်ဇာဇာလှိုင်းက ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းများ လျော့ချစို့ အ ကြောင်းအား မေးမြန်းဆွေးနွေးရာ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သင်းဆွေက အဏ္ဏဝါစွန့်ပစ်ပစ္စည်းများ ထွက်ပေါ်လာပုံ၊ အဏ္ဏ ဝါစွန့် ပစ်ပစ္စည်းများကြောင့် ထိခိုင်နိုင်သည့် အကျိုးသက်ရောက်မှုများ၊ အဏ္ဏဝါပတ်ဝန်းကျင်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ အဏ္ဏဝါသတ္တဝါများထိခိုက်မှုအခြေအနေ၊ အဏ္ဏဝါစွန့်ပစ် ပစ္စည်းများကြောင့် လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ စသည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
သက်ဟန်(ကလေးဝ)